မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် လူ့အခွင့်အရေးအခြေခံ သင်တန်းသင်တန်းသား ခေါ်ယူခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့်အရေး အသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၁) ကို ဖေဖော်ဝါရီလ တတိယပတ်တွင် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

(က)   သင်တန်းကာလ။       ၂၅-၂-၂၀၁၉ ရက်နေ့မှ ၈-၃-၂၀၁၉ ရက်နေ့အထိ (ရုံးဖွင့်ရက်များသာ)၊

(ခ)     သင်တန်းချိန်။             နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

(ဂ)     သင်တန်းသား အရေအတွက်။  (၅၀) ဦး။

၂။       သင်တန်းမှာ အခမဲ့ဖြစ်ပြီး သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှုကို သင်တန်းသားမှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ website; www.mnhrc.org.mm နှင့် Facebook Page www.facebook.com/myanmarnhrc  တို့တွင် ဝင်ရောက်ကြည့်ရှု၍ (၈-၂-၂၀၁၉) နေ့ နောက်ဆုံးလျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ်(၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း၀၁ ၆၅၄၆၇၃၊ ၀၁ ၆၅၄၆၈၁ (လိုင်းခွဲ၈၃၁၊၈၄၈) တို့ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် ရွေးချယ်သော သင်တန်းသားများအား  (၁၅-၂-၂၀၁၉) ရက်နေ့ Website နှင့် Facebook မှ  ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

လျှောက်လွှာတင်ရန်link; https://docs.google.com/…/1xSELHFmt5pSPpDv7HO31RR…/viewform…

Recent News