မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လွိုင်ကော်အကျဉ်းထောင်နှင့် လွိုင်ကော်မြို့မရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၃-၇-၂၀၂၂ ရက်နေ့နှင့် ၁၄-၇-၂၀၂၂
ရက်နေ့များတွင် လွိုင်ကော် အကျဉ်းထောင်နှင့် လွိုင်ကော်မြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ အကျဉ်းထောင်နှင့်
ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက် များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း
ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ် သား/အချုပ်သူများကို
အဆောင်လိုက် တွေ့ဆုံကာ အကျဉ်းသား/အချုပ်သားတစ်ဦး၏
အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊
ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ ရရှိခြင်း
ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု
ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က
ကြည့်ရှုစစ်ဆေးစဉ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေ
တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ အကျဉ်းထောင်နှင့်
အချုပ်ခန်းများအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊
သောက်ရေ/သုံးရေကန်များ၊ မိလ္လာများသန့်ရှင်းမှု ရှိ
မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို
လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၄။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို
လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ပေးပို့အကြံပြုသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


