မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းကျင်းပပြုလုပ်

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင်နိုင်ငံ Raoul Wallenberg Institute တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကော်မရှင်ရုံးဝန်ထမ်းများ လူ့အခွင့်အရေး ကော်မရှင်၏ အခန်းကဏ္ဍ နှင့် လုပ်ငန်းတာဝန်များကို  ပိုမိုသိရှိ နားလည်စေရန် ရည်ရွယ်၍ “Training for MNHRC staff on Human Rights and the roles and functions of NHRIs” သင်တန်းကို ရန်ကုန်မြို့ ပြည်လမ်း၊ အမှတ်(၂၇) ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ (၂၃-၄-၂၀၁၄) ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

    ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် RWI မှ Professor Brian Burdekin တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

    အဆိုပါ သင်တန်းအား (၂၃.၄.၂၀၁၄ ) မှ  (၂.၅.၂၀၁၄) အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်း (၂၆) ဦး တက်ရောက်မည် ဖြစ်ပါသည်။

Recent News