မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်သားသမီးများအားပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ၉-၆-၂၀၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကော်မရှင်ရုံး၌ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများ တက်ရောက်ကြပါသည်။

          ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးသည် လူတစ်ယောက်ရဲ့ ဘဝအာမခံချက်ဖြစ်သလို နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြုပ်နှံမှုလည်းဖြစ်ပါကြောင်း၊  နိုင်ငံတော်နှင့် ရုံးဝန်ထမ်းမိဘများ၏ ပညာရေးကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို တစ်ဖက်တစ်လမ်းကနေ သက်သာစေဖို့နှင့် ကျောင်းသား/သူများ ပညာရေးမှာ ပိုမိုကြိုးစားချင်စိတ် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး အခုလို ပညာသင်ထောက်ပံ့ကြေးကို နှစ်စဉ်ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရာမှာ အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနဲ့ ပြည့်စုံတဲ့ ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားခဲ့ပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများ၏ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာကိုသင်ယူ လေ့လာထားသူဟာ မိမိတတ်မြောက်ထားတဲ့ ပညာနှင့်ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။

          ထို့နောက် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများအား ပညာသင်စရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားမိဘ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်