မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင်မှ အင်းစိန်ဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့် အညီ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အား  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။     အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ သက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေမှုများထောင်တွင်းစာသင်ကျောင်း၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်များ၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိစသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       အင်းစိန်ဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး သက်နှင်းအောင်အပါအဝင်  သီးခြားလွတ်လပ်စွာ  တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/သူ (၉၆) ဦးကိုလည်း တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။

      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက် တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊ အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှု အခြေအနေများ၊ အကျဉ်းသား/သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ ကို မေးမြန်းခဲ့ပါသည်။

၅။      အကျဉ်းသား/သူ ဗုဒ္ဓဘာသာဝင်များခရစ်ယာန်ဘာသာဝင်များအစ္စလာမ် ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များပါအဝင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ  စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများနှင့် ဝတ်ပြုကိုးကွယ်နေမှုတို့ကို ကြည့်ရှုမေးမြန်းခဲ့ပါသည်။  အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသနှင့် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများကိုလည်း ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News