မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးခြင်း (၇-၈-၂၀၂၆)

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၇-၈-၂၀၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်း၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ကလေးငယ်များ၏ စိတ်ဒဏ်ရာ၊ လူမှုရေးအရ အပယ်ခံရမည်ကို စိုးရိမ်စိတ်နှင့် မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းများ လျော့ပါးစေရန် စိတ်ဓာတ်ပြုပြင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် စနစ်တကျချမှတ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိအောင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး ဆောင်ရွက်မှုအခြေအနေ၊ လူငယ်များအား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင် ပြုစုပျိုးထောင်ပေးမှုအခြေအနေများ နှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်