မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒေးဒနောဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များ ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၉-၅-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေးဒနောဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာ၌ ဘိုးဘွားရိပ်သာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဘိုးဘွားများအား လက်ခံဆောင်ရွက်ပေးနေမှု၊ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားမှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုး ခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ အဆောက်အဦများအတွင်း အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရန်နှင့် အပန်းဖြေအနားယူ နိုင်ရန် နေရာစီစဉ်ဆောင်ရွက်ထားမှု၊ ဘိုးဘွားများအား လူမှုရေးပင်စင်ရရှိရေး ဆောင်ရွက်ပေးမှုနှင့် အငြိမ်းစားဝန်ထမ်း ဘိုးဘွားများအား ပင်စင်ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော် သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ ပေးပို့သွား မည်ဖြစ်ပါသည်။ 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်