မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးစင်တာအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်
ဦးကျော်မြင့်နှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ
၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အမျိုးသမီးများ
ပြုစုစောင့်ရှောက်ရေးစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးစင်တာအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော
သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊
အိပ်ဆောင်များတွင် သင်တန်းသူများထားရှိမှုအခြေအနေ၊ ကျောင်းပြင်ပ ပညာသင်ကြားပေးမှုအခြေအနေ၊
နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှုအခြေအနေ၊
အားကစားလှုပ်ရှားဆောင်ရွက်နိုင်မှု အခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊
အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးမှုအခြေအနေနှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်
စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှု
စစ်ဆေးခဲ့ပါသည်။
ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

