မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်အစည်းအဝေးတက်ရောက်ခြင်း

  • News

    အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်(SEANF)၏ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေတို့သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက် မှ ၇ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှအမျိုးသား လူ့အခွင့် အရေး အဖွဲ့အစည်းများ ဖိုရမ်၏ ၁၁ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးကို တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ဆွေးနွေးကြသော ဘာသာရပ်များအနက် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ (SEANF) ၏ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ မဟာဗျူဟာ စီမံကိန်း၏အခြေအနေ၊ SEANF ၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးကိစ္စ၊ SEANF နှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင် (AICHR) တို့ ထိတွေ့ဆက်ဆံမှု ကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့် အရေး ဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် နှစ်ရပ်အပေါ် SEANF ၏ ဆောင်ရွက်ချက်များနှင့် အသက်အရွယ် ကြီးရင့်သူများ အခွင့်အရေး စသည်တို့ ပါဝင်သည်။

Recent News