မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ဆွီဒင်နိုင်ငံအ​ခြေစိုက် Raoul Wallenberg Institute ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့တွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီဝင် ဦးသန်းဌေး တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကိုယ်စား အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပါသည်။

 အဆိုပါသင်တန်းကို သြဂုတ်လ (၁၁) ရက်နေ့မှ (၁၂) နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှ အစိုးရ အရာထမ်းစုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် နှင့် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည် တို့က လူ့အခွင့် အရေးဆိုင်ရာ အနှစ်သာရနှင့် အခြေခံသဘောတရားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများ နှင့်ပက်သက်ပြီး ရှင်းလင်းပို့ချခဲ့ပါသည်။

Recent News