မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ သတင်းမီဒီယာအတွေ့အကြုံဖလှယ်ရေးတွေ့ဆုံဆွေးနွေး

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံဖလှယ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးတွင် ကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ဒေါက်တာမြင့်သူမြိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးနှင့် ပညာပေးရေးဌာန၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနတို့မှ ဆောင်ရွက်နေရသည့် လူ့အခွင့်အရေးအသိပညာ ဗဟုသုတမျှဝေခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာများကို ဆောင်ရွက်လျက်ရှိရာ ထိုကဲ့သို့ တာဝန်ထမ်းဆောင်ရာတွင် သတင်းမီဒီယာကဏ္ဍနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဖွင့်လှစ်ပို့ချသည့် သတင်းမီဒီယာသမားများ အရည်အသွေး မြှင့်တင်ရေး သင်တန်းများတွင်လည်း လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ အပြန်အလှန် ပို့ချဆွေးနွေးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေကျင့်ဝတ်နှင့်အညီ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Recent News