မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေး တက်ရောက်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေတို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသော အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) ၏ နှစ်ပတ်လည်အစည်းအဝေး-၂၀၁၇ သို့ တက်ရောက်ခဲ့သည်။

    ကုလသမဂ္ဂက ကမကထပြု၍ ဖွဲ့စည်းထားသည့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးတွင် အဖွဲ့ဝင်အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း (၁၁၁) ဖွဲ့ရှိရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာမြို့၌ ရှိစဉ်တွင် အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးသို့ လည်းကောင်း၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း၍ “၂၀၃၀ ခုနှစ် အာဂျင်ဒါ အကောင်အထည်ဖော်ရေးအတွက် ကလေးသူငယ်များ၏ အခွင့်အရေးမြှင့်တင်ကာကွယ်ရေးတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

Recent News