မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် UN Women တို့ပူးပေါင်း၍ UN Security Council Resolution 1325 on Women Peace, Security and Related Resolution အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် UN Women တို့ပူးပေါင်းပြီး UN Security Council on Resolution on Women Peace, Security and Related Resolution အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် အမရာဟိုတယ်တွင် ဧပြီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတက်ရောက်၍ အဖွင့် အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့် အရာထမ်းများ၊ UN Women မှ Senior Gender Advisor, Dr Jean D’cunha တို့ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) တွင် ပါရှိသော စစ်ပွဲများကြောင့် အမျိုးသမီးများ အပေါ်ထိခိုက် နစ်နာမှု၊ ပဋိပက္ခဖြေရှင်းရေးတွင် အမျိုးသမီးများ၏ အရေးပါမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲမှနေ၍ Outcome Statement of Senior Officials Workshop on UN Security Council Resolution 1325 on Women, Peace and Security and Related Resolutions ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။