မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ရွှေသူဌေးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအားကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
အဖွဲ့ဝင် ဦးကျော်စိုး ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ
၄၃၊ ၄၄ တို့အရ ၁၆-၁-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေသူဌေး စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှု
အတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းကို
ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို
အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့်
အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊
သန့်ရှင်းသော သောက်သုံးရေ လုံလောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ
စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ
မရှိ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေး အပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိနှင့်
ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင်ခဲ့ပြီး
အကျဉ်းသား အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့် တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊
သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့ပြင်
အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ
စာအုပ်စာပေ ၅၀ အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ
ရွှေသူဌေးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ် သင်စခန်း တာဝန်ခံအရာရှိမှ
လက်ခံရယူခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်