မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ၂၀၁၇ ခုနှစ် လုပ်ငန်းအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်လုပ်ငန်း အစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိများမှတစ်ဆင့် ပြန့်ပွားစေရန်နှင့် ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးများကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှု အောက်ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ  ၂၅  ရက်နေ့  နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က အမှာစကားဆက်လက် ပြောကြားခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာနိုင်ငံကပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ဆွေးနွေးပို့ချခဲ့ကြပါသည်။

Recent News