မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်းကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကယားပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဆွီဒင်နိုင်ငံ Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) ၏ပံ့ပိုးမှုဖြင့် ကျင်းပသော “ကယားပြည်နယ်ရှိ အစိုးရ ဝန်ထမ်းများအတွက် လူ့အခွင့်အရေး ဆိုင်ရာအလုပ်ရုံသင်တန်း” ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝ န်ကြီးချုပ်ကိုယ်စား ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးထင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညွန့်ဆွေ၊  ဦးခွထီးယိုနှင့် ဒေါက်တာဉာဏ်ဇော်တို့က လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး အယူအဆနှင့် သမိုင်းကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံ က အတည်ပြုချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်စာတမ်းများဖြစ်သော CRC, CEDAW, CRPD တို့တွင် ပြဋ္ဌာန်းပါရှိသည့် လူ့အခွင့်အရေးများ စသည့်ဘာသာရပ်များကို ပို့ချခဲ့ကြပြီး ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အစိုးရဌာနများမှ ဌာနဆိုင်ရာ အရာထမ်း စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို သြဂုတ်လ (၁၈) ရက်နေ့မှ(၂၀) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Recent News