မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နေပြည်တော်၌ လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) တို့ ပူးပေါင်းဆောင်ရွက်သည့် လူ့အခွင့်အရေး အသိပညာမြှင့် တင်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပသော “ရပ်ရွာအတွင်းအခြေခံအဆင့် လူ့အခွင့်အရေး အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ”ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာကန်တော်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

၂။       အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးယုလွင်အောင်နှင့် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးဘာသာရပ်နှင့်စပ်လျဉ်း၍ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပျဉ်းမနားမြို့နယ်ရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဝင်များ အပါအဝင် NGO CSO များမှ အသင်းဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသည် တစ်ရက်တာအစီအစဉ် ဖြစ်ပြီး ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအခြေခံ သဘောတရားများ နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ ထွန်းကားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

၃။       အလားတူ လူ့အခွင့်အရေးဆိုင်ရာအသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မေလ(၁၄)ရက်နေ့ နံနက်(၉) နာရီမှ ညနေ (၄)နာရီ အထိ နေပြည်တော် လယ်ဝေးမြို့၊ မြို့မ အမှတ်(၆) အလယ်တန်း ကျောင်းခွဲ၌ ထပ်မံကျင်းပပြုလုပ်ခဲ့ပါသည်။

Recent News