မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် လူ့အခွင့်အရေးဆိုင်ရာသင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် တို့သည် ၁၂-၃-၂၀၂၀ ရက်နေ့ မွန်းလွဲ ၁၂:၃၀ မှ ၁၅:၃၀ အထိ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ လေ့ကျင့်ရေးဌာနစု (ရန်ကုန်) တွင် ဖွင့်လှစ်လျက်ရှိသော မြို့နယ်မီးသတ်ဦးစီးမှူးသင်တန်း အမှတ်စဉ် (၁၃/၂၀၂၀) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းပို့ချခဲ့ရာ သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းသို့ မြို့နယ်မီးသတ်ဦးစီးမှူး (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News