မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကော့မှူးမြို့နယ်၊ သပြုစမ်းကျေးရွာတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ သပြုစမ်း ကျေးရွာရှိ ဇမ္ဗူအေးကျောင်းတိုက်ဓမ္မာရုံတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲသို့ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများ၊ ကျောင်းသား/သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း  (၁၁၇) ဦး တက်ရောက်ခဲ့ပါသည်။

    ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံ အယူအဆများကို လည်းကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးမင်းကျော်ဝေက ကလေးသူငယ် အခွင့်အရေးများအကြောင်းကို လည်းကောင်း၊ Educator ဒေါ်ဝင်းဝင်းစိုးနှင့် ဒေါ်ချောစုတို့က အမျိုးသမီးအခွင့်အရေးများ အကြောင်းကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

 

Recent News