မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက် ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် ရပ်ရွာလူထုအတွင်းလူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြို့ပေါ်နေပြည်သူများ သာမကရပ်ကွက် /ကျေးရွာနေပြည်သူများအတွင်း၌ လူ့အခွင့်အရေးအသိပညာ ဗဟုသုတများ သိရှိပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာ ပြန့်ပွားရေးဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ခုနှစ် သြဂုတ်လ၇ရက်နေ့(၁၃:၀၀)နာရီအချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာရှိ အောင်ဇေယျာမင်းပရဟိတ ကျောင်းတိုက်တွင်ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲသို့ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက်ပြည်သူများ၊ ကျောင်းသား/သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း  (၁၀၇) ဦး တက်ရောက်ခဲ့ပါသည်။

   ဆွေးနွေးဟောပြောပွဲတွင်ကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက လူ့အခွင့်အရေးအခြေခံအယူအဆများကိုလည်းကောင်း၊ကော်မရှင်၏လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှသင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးဖြိုးစည်သူက ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ Educator ဒေါ်နီလာစိန်က အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်ကမြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

Recent News