မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ တောင်ဒဂုံမြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေပြည်သူများသာမက ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဒဂုံမြို့နယ်၊ ၇၂ ရပ်ကွက် သဟပုညကာရီ ဓမ္မာရုံတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း  (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

    ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးမှ လူ့အခွင့်အရေးအခြေခံအယူအဆများကို လည်းကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဒေါ်မို့မို့မြင့်အောင်က ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ Educator ဦးစိုးမိုးနိုင်က အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဟန်သီတင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက် အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

Recent News