မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကျဉ်းထောင်အရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်းကျင်းပ

  • News

       ၂၀၁၆ ခုနှစ်၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) တို့ ပူးပေါင်းကျင်းပသည့် အကျဉ်းထောင် အရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ : ၃၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာနခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြတို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

သင်တန်းကို အကျဉ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အကျဉ်းထောင်အရာရှိများ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။

အလုပ်ရုံသင်တန်းတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက လူ့အခွင့်အရေးအခြေခံအယူအဆများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် သင်ခန်းစာများကိုလည်းကာင်း၊ အဖွဲ့ဝင် ဦးယုလွင်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အကျဉ်းထောင်လက်စွဲနှင့် လူ့အခွင့်အရေး ကြေငြာစာတမ်း၊ အကျဉ်းထောင်စစ်ဆေး တွေ့ရှိချက်များကို ဆွေးနွေးခြင်း သင်ခန်းစာများကို လည်းကာင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာလူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အကြောင်းနှင့် တိုင်တန်းချက် များ လက်ခံဆောင်ရွက်ခြင်း၊ ဩစတြေးလျနိုင်ငံသားဖြစ်သူ Mr. Glenn James Ross မှ Standard and Guide Lines, Basic Prisoner needs စသည့် သင်ခန်းစာများကို ဆွေးနွေးပို့ချပါသည်။ အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင် အရာရှိ (၅၀) ဦး တက်ရောက် ကြသည်။  သင်တန်းကို ဒီဇင်ဘာလလ ၁၃ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

Recent News