မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်သည် ၁၉-၃-၂၀၂၀ ရက်နေ့ နံနက် ၀၈:၃၀ မှ ၀၉:၅၀ အထိ ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း၊  အမှတ်စဉ် (၁ /၂၀၂၀) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကို ရှင်းလင်းပို့ချခဲ့ရာ သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား (၂၁၉) ဦး တက်ရောက်ခဲ့ပါသည်။

                                                                                                                                                                                                                     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News