မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အနှေးယာဉ်လုပ်သားမိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း

  • News

    ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အမှတ် (၂၈) ရပ်ကွက်အတွင်းရှိ အနှေးယာဉ်လုပ်သား အိမ်ထောင်စု (၃၄) စုအား ဆန်၊ဆီ အပါအဝင် အခြေခံ စားကုန် (၆) မျိုးကို COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်များအရောက် သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။

    COVID-19 ရောဂါကျရောက်သည့် လက်ရှိကာလအတွင်း စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲ နွမ်းပါးချို့တဲ့သော မိသားစုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန် ရည်ရွယ်ပါသည်။