မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) တို့ တွေ့ဆုံခြင်း

  • News

၁။       နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်၊ ဦးအောင်မျိုးကျော်၊ ဦးကျော်ဇင်မင်း (ခ) ဦးဇော်မိုး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးတင်မောင်ဦး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ CSO Forum မှ ဒေါ်ခင်လေးနှင့် ဦးသွင်လင်းအောင်တို့သည် ၅-၁၀-၂၀၁၅ နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ လာရောက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဦးညွန့်ဆွေ၊ ဒေါက်တာ မြင့်ကြည်၊ ဒေါက်တာဉာဏ်ဇော်၊ ဦးစိုးဘုန်းမြင့်တို့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ အကျဉ်းထောင် များဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

၂။       ထိုသို့ဆွေးနွေးရာတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က မြန်မာနိုင်ငံအကျဉ်းထောင်များဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ပုဒ်မအလိုက် အကြံပြုချက်များ၊ အကြံပြုရခြင်း၏ အကြောင်းရင်းများပါဝင်သော ဇယားတစ်ခုကို ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် နှိုင်းယှဉ်လေ့လာ၍ သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၆-၁၀-၂၀၁၅

Recent News