မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည်
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ် ရာထူးနေရာများအတွက်
ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်၏
၁၂-၈-၂၀၁၉ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် ဖော်ပြပါရှိသည့်
ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ် ရာထူးနေရာများသို့ လျှောက်ထားသူများအား
၆-၉-၂၀၁၉ ရက် (သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် ကော်မရှင်ရုံးက သတ်မှတ်ထားသည့်
နေရာ၌ အောက်ဖော်ပြပါ ဘာသာရပ် များကို အရည်အချင်းစစ်ဆေးရေး ရေးဖြေစာမေးပွဲ
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
(က) လူ့အခွင့်အရေးသာသာရပ် ၂၀ မှတ်
(ခ) အင်္ဂလိပ်စာ ၁၅ မှတ် စုစုပေါင်း ၅၀ မှတ်
(ဂ) အထွေထွေဗဟုသုတ ၁၅ မှတ်
ရေးဖြေစာမေးပွဲ
အောင်မြင်သူများစာရင်းကို ၁၂-၉-၂၀၁၉ (ကြာသပတေးနေ့) တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ပါသည်။
အရည်အချင်းစစ်
ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများသည် ၄-၉-၂၀၁၉ ရက်နေ့နှင့် ၅-၉-၂၀၁၉ ရက်နေ့
ရုံးချိန်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာ
ဌာနတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကြိုတင်ထုတ်ယူရပါမည်။ အသေးစိတ်သိရှိလိုပါက
မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာနှင့်
ဘဏ္ဍာရေးဌာန ဖုန်း ၀၁-၆၅၄၆၇၀၊ ၀၁-၆၅၄၆၈၁၊ ၀၁-၆၅၄၆၈၄ (လိုင်းခွဲ ၈၀၁၊ ၈၃၆)
တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။