မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနား ကို ၄-၄-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လိုက်နာနေထိုင်ရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ ပါဝင် တက်ရောက်ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးသည် ကော်မရှင်၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့်အတွက် လူ့အခွင့်အရေး အသိပညာပေးသင်တန်း၊ နည်းပညာဆိုင်ရာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းစသည့် သင်တန်း အမျိုးမျိုးကို စီစဉ်ပေးနေကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့် ကော်မရှင်၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်အောင် အထောက်အပံ့ပေးနိုင်သည့် လုပ်ငန်းကျွမ်းကျင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ သင်တန်းအား မတ်လတွင် ပထမအကြိမ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကို မပျက်မကွက် တက်ရောက် ပြီး လုံ့လဝီရိယဇွဲရှိရှိဖြင့် ကြိုးစားလေ့လာဆည်းပူးကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက မိတ်ဆက် စကားများ အသီးသီးပြောကြားခဲ့ပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။

ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (/၂၀၂၂) အား ကော်မရှင်ရုံး ခွဲများမှ ဝန်ထမ်းများအပါအဝင် သင်တန်းသားဦးရေ (၁၈) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ () ရက်ကြာ မြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းပို့ချမှုအား Online, Face to Face စနစ်(၂) မျိုးဖြင့်  Hybrid Format ကို အသုံးပြုပြီး လူ့အခွင့်အရေးဆိုင်ရာဘာသာရပ် (၁၃) ခု အား သင်ကြားသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ကြီးဌာနများသို့လည်း Online System ဖြင့် လူ့အခွင့်အရေး အသိပညာပေးသင်တန်းများ ထပ်မံ ဖွင့်လှစ်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News