မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် လူ့အခွင့်အရေး သင်ခန်းစာများ ပို့ချဆွေးနွေးခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ တက်ရောက်လျက်ရှိသော ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်သင်တန်းအမှတ်စဉ် (၆၃) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချ ရှင်းလင်းဆွေး​ခဲ့ရာ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား (၂၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်ခန်းစာပို့ချမှုတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်တို့က လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချခဲ့ပြီး တက်ရောက်သူ တပ်မတော်အရာရှိကြီးများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းများတွင် အဆင့်မြင့် တပ်မတော် အရာရှိကြီးများကို လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချလျက်ရှိပြီး ၂၀၁၆ ခုနှစ်မှစ၍ ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်သင်တန်း၊ ဗထူးတပ်မြို့နှင့် ဘုရင့်နောင်တပ်မြို့တို့တွင် ဖွင့်လှစ်ထားသည့် ခြေလျင်တပ်ရင်းမှူးသင်တန်းနှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းများတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချဆွေးနွေးသွားမည်ဟု သတင်းရရှိပါသည်။

Recent News