မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ကိုရီးယားအမျိုးသားလူ့အခွင့်အရေး ကော်မရှင် လာရောက်လေ့လာခြင်း

  • News

၁။      တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ Mr. Yoontaik Kim ​​ဦးဆောင်သော အဖွဲ့ဝင် (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ရုံး တည်ရှိရာ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်သို့ လာရောက်၍ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား လေ့လာခဲ့ကြရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် တာဝန်ရှိသူများက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေး ခဲ့ကြပါသည်။

၂။      အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံသွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

Recent News