မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ United Nation Development Programme – UNDP က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် United Nation Development Programme – UNDP က Laptop Computer (၂၂) လုံးနှင့် Printer (၁၁) လုံး တို့ကို ကော်မရှင်ရုံး သို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ များတွင် လာရောက်လှူဒါန်းခြင်း အခမ်းအနားများသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

    အဆိုပါ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် United Nation Development Programme – UNDP တို့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် Strategic Plan 2020-2024 ၏ အစိတ်အပိုင်းအနေဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့က လက်ခံရယူခဲ့ပါသည်။

Recent News