မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများ အတွက် အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အလုပ်ရုံသင်တန်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားပါသည်။

၂။      အဆိုပါအလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းအစီအစဉ်ဖြစ်ပြီး သင်တန်း ကာလအတွင်း လူ့အခွင့်အ​ရေးဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကော်မရှင်အဖွဲ့ဝင်ဦးညွန့်ဆွေနှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံသင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့ ၁၆:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များက သင်တန်းတက်ရောက်ခဲ့ကြသူများကို သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကော်မရှင်ဥက္ကဋ္ဌ တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများကို ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ် (၇) ခုတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး (၆) ခုတွင် ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါသည်။

 

Recent News