မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ ပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် အလုပ်ရုံသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံ (ကျိုက်ဝိုင်း) တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားပါသည်။

၂။       အဆိုပါအလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းအစီအစဉ်ဖြစ်ပြီး သင်တန်းကာလ အတွင်း လူ့အခွင့်အ​ရေးဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းများကို ၂၀၁၄ ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်း ဒေသကြီး (၇) ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ဖွင့်လှစ် ပို့ချလျှက်ရှိရာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ အထိ (၁၂) ခုဆောင်ရွက်ခဲ့ပြီး (ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း)တို့သာ ကျန်ရှိပါသည်။ ယင်းလူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ နှင့်ကော်မရှင် အဖွဲ့ဝင်များမှ အလှည့်ကျဖွဲ့စည်း တာဝန်ပေးအပ်၍ ရှင်းလင်းဆွေးနွေးပွဲများ ပို့ချလျှက် ရှိပါသည်။

Recent News