မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကျင်းပခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အာရှပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့နှင့် ပူးပေါင်း၍ ကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးနောက် ကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UN Resident and Humanitarian Coordinator and UNDP Resident Representative ဖြစ်သူ Mr. Knut OstbyUNDP မှ Deputy Country Director ဖြစ်သူ Ms. Dawn Del Rio နှင့် UNDP မှ အရာထမ်းများ၊ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Cynthia Veliko၊ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ နှင့် UNDP မှ Deputy Country Director တို့က အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားကြပြီး UNDP Bangkok Regional Office မှ Regional Advisor on Human Rights ဖြစ်သူ Mr. Nicholas Booth နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Cynthia Veliko တို့က ကော်မရှင်၏စွမ်းဆောင်ရည် ဆန်းစစ်မှု လုပ်ငန်းစဉ်၊ ဆန်းစစ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်ကြသူများက ကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင် ဥက္ကဋ္ဌနှင့် UNDP မှ Deputy Country Director နှင့် UNDP Regional Advisor တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

Recent News