မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်/ ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်/ ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ နေ့လယ် ၁ နာရီ အချိန်တွင် ကော်မရှင် ရုံးခန်းမတွင်ပြုလုပ်သည်။

၂။      အဆိုပါ သတင်းစာရှင်လင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သတင်းမီဒီယာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာမြှင့်တင်ရေး လုပ်ဆောင်ချက်များကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက လူ့အခွင့်အရေး ကာကွယ်ရေး လုပ်ဆောင်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ သတင်းစာ ရှင်းလင်းပွဲကို ညနေ ၃နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။

Recent News