မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေး တက်ရောက်ခြင်း

  • News

        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေတို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

    အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမကထပြု၍ ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း ၁၁၇ ဖွဲ့ရှိသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် GANHRI ၏ နှစ်ပတ်လည် အစည်းအဝေးအပြင် သက်ကြီးရွယ်အိုများ အခွင့်အရေးနှင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ အခန်းကဏ္ဍ အသိပညာဖလှယ်မှု ဆွေးနွေးပွဲသို့လည်းကောင်း၊ GANHRI နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသည့် မသန်စွမ်းသူများ အခွင့်အရေးနှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့လည်းကောင်း၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of NHRIs – APF) အစည်းအဝေးသို့ လည်းကောင်း၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) အဖွဲ့ဝင်များနှင့် ဂျီနီဗာမြို့ အခြေစိုက် ညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (Association for the Prevention of Torture) ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည့် အစည်းအဝေးသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

Recent News