မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် Democracy Reporting International (DRI) တို့ပူးပေါင်း၍ “MNHRC နှင့် CSOs တို့ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပတ်သက်သည့် ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဆီသို့” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပရာ MNHRC မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဌာနတာဝန်ခံများ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နီပေါနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် Ms. Mohna Ansari က ၎င်းတို့ကော်မရှင်နှင့် CSOs တို့ ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံများကို ရှင်းလင်းပြောကြားပါသည်။ MNHRC နှင့် CSOs ကိုယ်စားလှယ်များကလည်း လူ့အခွင့်အရေးမြှင့်တင်ရေးတွင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

Recent News