မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် International Non- Government Organization People’s Economics Alignment For Common Equity- ingo PEACE. တို့ တွေ့ဆုံဆွေးနွေးခြင်း
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်နှင့် International
Non- Government Organization People’s Economics Alignment For Common Equity-
ingo PEACE. တို့ တွေ့ဆုံဆွေးနွေးခြင်းကို ၂၀၂၅
ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ အဖွဲ့ဝင်များ ဖြစ်ကြသော
ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊
ဒေါက်တာမြင့်သူမြိုင်၊ ဦးတင်အောင်၊ ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်း၊
ဦးတင်ကိုကိုနှင့် အတွင်းရေးမှူး ဦးကျော်နိုင်တို့ တက်ရောက်ပြီး၊ ingo PEACE.
မှ Founder Mr.Unten Eriya၊
Representative Director Mr. Khual Lian Kam၊ လူသားအရင်းအမြစ်တာဝန်ခံ
ဒေါက်တာငွန်ဇကျုံး၊ ဥပဒေဆိုင်ရာအကြံပေး ဦးကောင်းသက်ထူးဇော်၊ အတွင်းရေးမှူး
ဦးသိန်းတိုးဝင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးမှူး ဦးကိုကိုဦးတို့ ပါဝင်တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ingo-PEACE. Founder Mr. Unten Eriya နှင့် Representative Director Mr. Khual Lian Kam တို့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ingo PEACE. အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး တွေ့ဆုံ ဆွေးနွေးမှုကို (၁၂:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

