မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားခေါ်ယူခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့်အရေး အသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) ကို စက်တင်ဘာလမှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

(က)    သင်တန်းကာလ။       ၂၇-၉-၂၀၁၉ ရက်နေ့မှ ၁၀-၁၀-၂၀၁၉ ရက်နေ့အထိ

                                                          (ရုံးဖွင့်ရက်များသာ)၊

(ခ)     သင်တန်းချိန်။           နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

(ဂ)     သင်တန်းသား အရေအတွက်။  (၅၀) ဦး။

၂။    သင်တန်းမှာ အခမဲ့ဖြစ်သော်လည်း သင်တန်းအထောက်အကူပြု စာရွက်စာတမ်း များအတွက် ကုန်ကျမှုကို သင်တန်းသား မှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူ များအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ Online မှ လျှောက်ထားလိုသူများအနေဖြင့် https://docs.google.com/forms/d/1xSELHFmt5pSPp Dv7HO31RRkew0b1jMvtFLFA7YNIRpA/editwebsite: www.mnhrc. org.mm နှင့် Facebook Page www.facebook.com/ myanmarnhrc မှသော် လည်းကောင်း ၁၀-၉-၂၀၁၉ ရက်နေ့မှ စတင်၍လျှောက်ထားနိုင်ပြီး လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ မှတ်ပုံတင် မိတ္တူနှင့် စာရွက်စာတမ်းကြေး တစ်သောင်းကျပ်တိတိတို့ကို လျှောက်ထားပြီးသည်နှင့် တစ်ပြိုင်နက်လာရောက်ပေးသွင်း ရန်ဖြစ် ပါသည်။  သတ်မှတ်လူဦးရေပြည့်သည့် အထိသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါ သည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၈၁ (လိုင်းခွဲ ၈၃၁၊ ၈၄၈) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Recent News