မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) သင်တန်းသားခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး
ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့်အရေး အသိပညာတိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေး
အခြေခံသင်တန်းများကို အမှတ်စဉ် (၃) အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ
သင်တန်းများသို့ တက်ရောက်ပြီးသူများအနေဖြင့် အဆင့်မြင့်သင်တန်း
ထပ်မံတက်ရောက်နိုင်ရေးအတွက် လူ့အခွင့်အရေး အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) ကို
အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-
(က) သင်တန်းကာလ။ ၂၇-၅-၂၀၁၉ ရက်နေ့မှ ၂၁-၆-၂၀၁၉ ရက်နေ့အထိ
(ရုံးဖွင့်ရက်များသာ)
(ခ) သင်တန်းချိန်။ နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀
နာရီအထိ၊
(ဂ) သင်တန်းသား အရေအတွက်။ (၅၀)
ဦး။
၂။ သင်တန်းမှာ အခမဲ့ဖြစ်သော်လည်း သင်တန်းအထောက်အကူပြု
စာရွက်စာတမ်းများအတွက် ကုန်ကျမှုကို သင်တန်းသားမှ ကျခံရမည်ဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးမှ ဖွင့်လှစ်သော လူ့အခွင့်အရေး
အခြေခံသင်တန်း တက်ရောက်ပြီးသူများဖြစ်ရန်လိုအပ်ပြီး ကော်မရှင်ရုံးသို့
လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ Online မှ
လျှောက်ထားလိုသူများ အနေဖြင့် website: www.mnhrc.org.mm နှင့်
Facebook Page www.facebook.com/myanmarnhrc မှသော်လည်းကောင်း
၁၀-၅-၂၀၁၉ ရက်နေ့မှ စတင်၍လျှောက်ထားနိုင်ပြီး လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
မှတ်ပုံတင်မိတ္တူနှင့် စာရွက်စာတမ်းကြေး ၂၅၀၀ဝိ/− ကျပ်တိတိတို့ကို
လျှောက်ထားပြီးသည်နှင့် တစ်ပြိုင်နက် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်လူဦးရေပြည့်သည့် အထိသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်
ပညာပေးရေးဌာန၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၈၁ (လိုင်းခွဲ ၈၃၁၊ ၈၄၈) တို့ထံသို့ရုံးချိန်အတွင်း
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။