မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ပူတာအို အကျဉ်းထောင်၊ မြစ်ကြီးနား အကျဉ်းထောင်နှင့် ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၇-၃-၂၀၂၀ ရက်နေ့မှ ၂၀-၃-၂၀၂၀ ရက်နေ့အထိ ကချင်ပြည်နယ်၊ အကျဉ်းဦးစီးဌာန လက်အောက်ရှိ ပူတာအိုအကျဉ်းထောင်နှင့် မြစ်ကြီးနား အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခရီးစဉ်အတွင်း ပူတာအို မြို့နယ်တရားရုံးအချုပ်ခန်း၊ မြို့မရဲစခန်းအချုပ်ခန်း၊ မြစ်ကြီးနားမြို့ မြို့မရဲစခန်း အချုပ်ခန်း၊ အမှတ် (၂) ရဲစခန်းအချုပ်ခန်း၊ မြို့နယ် တရားရုံးအချုပ်ခန်း၊ ခုတင် (၅၀၀) ဆံ့ဆေးရုံ အချုပ်ဆောင်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေး အဖွဲ့ဝင်များသည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်များ၊ ရဲစခန်းအချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းများနှင့် ဆေးရုံအချုပ်ဆောင် များကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်းတွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှုခံရခြင်း ရှိမရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှုရှိမရှိတို့ နှင့်စပ်လျဉ်း၍ မေးမြန်း မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

                                                                                                                                               မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News