မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ပြည်အကျဉ်းထောင် ပေါင်းတည် အချုပ်ထောင်နှင့် ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၉-၂-၂၀၂၀ ရက်နေ့နှင့် ၂၀-၂-၂၀၂၀ ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာန လက်အောက်ရှိ ပြည်အကျဉ်းထောင်နှင့် ပေါင်းတည်အချုပ်ထောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခရီးစဉ်အတွင်း ပြည်ခရိုင် တရားရုံးအချုပ်ခန်း၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီး အချုပ်ခန်း၊ ပြည်မြို့နယ် မြို့မရဲစခန်း အချုပ်ခန်း၊ အမှတ် (၁) နှင့် အမှတ် (၃) နယ်မြေ ရဲစခန်း အချုပ်ခန်းများနှင့် ပေါင်းတည်မြို့နယ်တရားရုံး အချုပ်ခန်း၊ ခုတင် ၅၀ ဆံ့ဆေးရုံ အချုပ်ခန်း၊ မြို့မရဲစခန်းနှင့်မှတ်တိုင် နယ်မြေရဲစခန်း အချုပ်ခန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂။       ကြည့်ရှုစစ်ဆေးရေး အဖွဲ့ဝင်များသည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်များ၊ ရဲစခန်း အချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းများနှင့် ဆေးရုံအချုပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှု ခံရခြင်းရှိ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများရရှိမှု ရှိမရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

                                                                                                                                               

Recent News