မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (ရန်ကုန်) အား ကြည့်ရှုစစ်ဆေးခြင်း (7-3-2025)
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့
ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၇-၃-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (ရန်ကုန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော
သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊
နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်းကျောင်းပညာ
သင်ကြားခွင့်၊ ပြင်ပအလုပ် လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံ
လူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



