မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပပြုလုပ်ခဲ့သော (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

  • News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပပြုလုပ်ခဲ့သော (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်နေ့ ကျင်းပခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရှင်းလင်း ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကော်မရှင် ရုံး၊ Conference RoomHybrid System ဖြင့်ကျင်းပခဲ့ရာ ကော်မရှင်ဉက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား‌ရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများ၊ လူ့အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်ပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား၌ ကော်မရှင် ဉက္ကဋ္ဌ ဦးလှမြင့်က ဦးစွာ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နေ့၊ နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပပြုလုပ်ခဲ့ သော (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဦးသူရကျော်က ပြန်လည် ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက်  ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြု လုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်နေ့များဖြစ်သည့် မြန်မာအမျိုးသမီးများနေ့၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်နေ့နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ စသည့် အထိမ်းအမှတ်ပြိုင်ပွဲများ၊ ၂၀၂၂ ခုနှစ် အတွင်း သင်တန်းထူးချွန်ဆုနှင့် ဌာနအလိုက် ဝန်ထမ်းစွမ်းဆောင်ရည် ဆုရရှိသူများအား ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၊ MICC 1 ၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စပ်လျဉ်းသည့် မှတ်တမ်း Video အား ပြသ ခဲ့ပါသည်။  ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများကိုယ်စား ဦးစီးအရာရှိ ဒေါ်မေနှင်းသူက ကျေးဇူး တင်စကားပြောကြား၍  “အားလုံးအတွက် လူ့အခွင့်အရေး” တေးသီချင်း သရုပ်ဖော် Video ပြသပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက် အခမ်းအနားကို နေ့လယ် ၁၁း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။  

Recent News