မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက် နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” အား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကို ကော်မရှင်ရုံး Conference Room တွင် ၃၀-၆-၂၀၂၃ ရက်နေ့ ၁၀း၀၀ နာရီအချိန်မှ ၁၁း၃၀ နာရီအချိန်အထိ Hybrid System ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။ “မြန်မာအမျိုးသမီးများနေ့” အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ပါ အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်းကို ကဏ္ဍအလိုက် ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ပညာပေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို ၁၁း၃၀ နာရီအချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။

          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News