မွန်ပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူအခွင့်အရေးဘာသာရပ်ဆိုင်ရာ အလုပ်ရုံသင်တန်း ၂၈-၇-၂၀၁၄ မှ ၃၀- ၇-၂၀၁၄

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရ၏ ပူးပေါင်းကူညီမှု၊ ဆွီဒင်နိုင်ငံအခြေစိုက်(RWI) ၏ ရံပုံငွေပံ့ပိုးမှုတို့ဖြင့် မွန်ပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ဆေးရုံ အုပ်ချုပ်မှု ရုံးအစည်းအဝေးခန်းမကြီးတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၈ရက် မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။ အလုပ်ရုံသင်တန်းသို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်မှအစိုးရ အရာရှိစုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် လူ့အခွင့် အရေး အယူအဆနှင့်သမိုင်းကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက် လာပုံနှင့် ဆောင်ရွက်ချက်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ၊ မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ် ရေးထိုးပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်စာတမ်း များဖြစ်သော (CRC, CEDAW, CRPD) တွင်ပြဋ္ဌာန်းပါရှိသည့် လူ့အခွင့်အရေးများ၊ တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများ စသည့်ဘာသာရပ်များကို ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင်ဦးလှမြင့်နှင့် ဒေါက်တာဉာဏ်ဇော်တို့မှ ဆွေးနွေးပို့ချခဲ့ကြပါသည်။

အဆိုပါသင်တန်း ဖွင့်ပွဲနှင့် ပိတ်ပွဲတို့တွင် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်မှ တက်ရောက်ပြီး အဖွင့် အမှာစကားနှင့် သင်တန်းဆင်း အမှာစကား တို့ကို ပြောကြားပေးခဲ့ပါသည်။

သင်တန်းသို့ တက်ရောက်ခဲ့ကြသော အစိုးရဝန်ထမ်းအရာရှိများမှ သင်တန်းကာလ တလျှောက် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်ပါဝင်စားစွာ ပြန်လည်ဆွေးနွေးခဲ့ကြပါ သည်။ ကျန်ရှိသောပြည်နယ်(၆)ခု၏ ပြည်နယ်မြို့ကြီးများတွင် ဆက်လက်ပြုလုပ်သွားရန် ရှိပါ သည်။

Recent News