မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ကော်မရှင်အဖွဲ့ဝင်မှ တွေ့ဆုံခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်နှင့် ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်အတွင်း ၁၄--၂၀၂၂ ရက်နေ့ နံနက်ပိုင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ မွန်ပြည်နယ်အတွင်းရှိ ပြည်သူများမှ ကော်မရှင်သို့ ပေးပို့ တိုင်ကြားလာသော တိုင်တန်းချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးမှု အခြေအနေများ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ကော်မရှင်မှဆောင်ရွက်နေမှုများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ကော်မရှင်၏ (၁၀) နှစ်တာခရီးစာအုပ်နှင့် ကော်မရှင် လက်ကမ်းစာစောင်များအား ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News