မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် မုဒုံမြို့နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ဘုရင့်နောင်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ အင်အား(၂၃၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည် ။ အလားတူ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့ အထွေထွေအုပ်ချုပ်ရေး ဌာနခန်းမတွင် ကျင်းပခဲ့ရာ အင်အား (၂၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့၊ ရွှေဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ရာ အင်အား (၃၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

Recent News