ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင် ခေါင်းဆောင်ပြီး အဖွဲ့ဝင်ဒေါက်တာဉာဏ်ဇော်၊ အဖွဲ့ဝင်ဒေါ်စန်းစန်းပါဝင်သော အဖွဲ့ငယ်သည် (၅-၁၁-၂၀၁၃) ရက်နေ့မှ (၁၁-၁၁-၂၀၁၃) ရက်နေ့အထိ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့နှင့် သံတွဲမြို့များတွင် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး နှင့် ပါတီအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား လူ့အခွင့်အရေးအဓိပ္ပါယ်နှင့် အနှစ်သာရများကို ဦးစစ်မြိုင် မှ လည်းကောင်း၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်မှုများကို ဒေါ်စန်းစန်းမှ လည်းကောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ဒေါက်တာ ဉာဏ်ဇော် မှ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

    အဆိုပါအဖွဲ့ငယ်သည် (၆-၁၁-၂၀၁၃) ညနေပိုင်းတွင်စစ်တွေမြို့နယ် သက္ကေပြင် ကျေးရွာရှိ အစ္စလာမ်ဒုက္ခသည်စခန်းနှင့် ဆတ်ရိုးကျကျေးရွာရှိ ရခိုင်ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။

ထို့အပြင် (၉-၁၁-၂၀၁၃) နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်သို့လည်း ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။