ရနောင်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ အကြောင်းကြားစာပေးပို့

  • News

    ၂၈-၉-၂၀၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၄ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာတွင် နှိပ်စက် ညှဉ်းပန်းပြီး အတင်းအဓမ္မဝန်ခံခိုင်းကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့တွင် ဖမ်းဆီးခံထားရသူတစ်ဦး ဖြစ်သည့် မောင်မိုးဇင်အောင်သည် ငါးရွေးသော အလုပ်ရုံတွင်ရှိနေခဲ့ကြောင်း၊ အလုပ်ရုံတွင် တပ်ဆင်ထားသည့် CCTV  မှတ်တမ်းများရှိနေကြောင်း၊ ၎င်းမှတ်တမ်းများကို ထိုင်းရဲတပ်ဖွဲ့က ယူဆောင်သွားပြီးနောက် CCTV မှတ်တမ်းတွင် မပါဝင်တော့ကြောင်း၊ ဖွင့်ကြည့်၍မရဟု ထိုင်းရဲတပ်ဖွဲ့က အကြောင်းပြန်ခဲ့ကြောင်း၊ သေဆုံးသူနှင့် ဖမ်းဆီးထားသူများ၏ DNA စစ်ဆေးမှုများနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာများဖြစ်နေကြောင်း၊ ၎င်းတို့သည် အမှန်တကယ်လူသတ်မှု ကျူးလွန်ပါက မြန်မာနိုင်ငံအတွင်းသို့ အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ပတ်သက်ခြင်းမရှိသည့်အတွက် ဆက်လက်အလုပ်လုပ်ကိုင်နေကြရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းစသည့် သတင်းများကို ကြားသိရသဖြင့်  ၂-၆-၂၀၁၆ နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ဖမ်းဆီးထားသူများအား ထိုင်းနိုင်ငံတရားဥပဒေနှင့်အညီ စစ်ဆေးစီရင်နိုင်ရေး၊ နှိပ်စက်ညှဉ်းပန်းမှုမပြုရေး၊ မိဘများရှေ့နေများနှင့် တွေ့ဆုံခွင့်ပြုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးတို့အတွက် ဆက်လက်ကူညီဆောင်ရွက်ပေးပါရန် e-mail ဖြင့် အကြောင်း ကြားခဲ့ကြောင်း၊ အလားတူ ၂၅-၁၀-၂၀၁၅ နေ့ကလည်း ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံစာ ၁ စောင်ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

Recent News