ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းနှင့် Mary Chapman နားမကြားသောကလေးများကျောင်းတို့ကို ကြည့်ရှုစစ်ဆေးခြင်း. (ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်)

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့် နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၉-၁၁-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ  ကြည့်မြင်တိုင်မျက်မမြင်ကျောင်းနှင့် ဒဂုံမြို့နယ်ရှိ Mary Chapman နားမကြားသောကလေးများကျောင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေ‌ရန် ပြုစုစောင့်ရှောက်ပေးမှု အခြေအနေနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကြောင်းပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းနှင့် Mary Chapman နားမကြားသောကလေးများကျောင်းတို့အား ကြည့်ရှုစစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News